Myanmar Unicode Auto Tag WordPress Plugin
ကျွန်တော့် blog မှာတော့ မြန်မာလို၊ အင်္ဂလိပ်လို စိတ်ရှိရင်ရှိသလို့ ရေးတယ်။ အင်္ဂလိပ်လိုပဲ ရေးတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ မြန်မာလိုရေးပြီဆိုရင်တော့ ဖတ်တဲ့သူဆီမှာ မြန်မာလိုမပေါ်တာတွေ ဖြစ်လာပါပြီ။ ကျွန်တော့် blog မှာ Myanmar Unicode ကို သုံးပါတယ်။ ခုချိန်က Zawgyi သုံးရာကနေ Unicode ကို ပြောင်းနေတဲ့ ကာလ ဖြစ်တဲ့ အတွက် browser ရဲ့ default font ကို Zawgyi ထားတာရှိသလို Unicode ထားတဲ့ သူလည်းရှိတယ်။ Unicode Font ကို Default လုပ်ထားရင် တော့ ကျွန်တော့် blog ကို ဖတ်ရင် ပြဿနာမရှိပေမယ့်။ Zawgyi ကို Default ထားတဲ့ သူတွေကတော့ ကောင်းကောင်းဖတ်လို့ရမှာ မဟုတ်ဘူး။ Zawgyi User တွေ ဖတ်လို့ရအောင် ဆိုရင် ကျွန်တော့ blog မှာ CSS ရဲ့ font-family ကို Unicode Standard နဲ့ ကိုက်ညီတဲ့ Font တစ်ခုခုကို ထားထားဖို့လိုပါတယ်။ ဥပမာ font-family: Myanmar3 ဆိုပြီပေါ့။ (CSS သိတဲ့သူ ဆိုရင်တော့ နာလည်မှာပါ) ဒါဆိုရင် ဘယ်ဟာ တွေကို Myanmar3 လိုက်ထားမလဲ ဆိုတာ စဉ်းစားရပြီ၊ ဥပမာ – Post title, Post body နဲ့ sidebar က Recent Post တွေနဲ့ ကျန်တဲ့ မြန်မာစာ ပေါ်နိုင်တဲ့ နေရာတွေ အားလုံးမှာ font-family: Myanmar3 ဆိုပြီ လိုက်ထည့်ထားဖို့လိုတယ်။ ကျွန်တော် အဲလိုတွေ ထည့်ပေးတဲ့ script တွေ တင်ပေး ဖူးတယ် (http://ttkz.me/blog/2011/01/31/myanmar-unicode-and-wordpress-blog/)။ ကျွန်တော့ blog မှာဆို Post title တွေကို အင်္ဂလိပ်လိုတပ်တာများတယ်။ မြန်မာလို တပ်တယ်ဆိုတာ တော်တော် ရှားတယ်။ ဒါပေမယ့် Post title တွေကို Myanmar3 ပေါ်အောင် လုပ်ထားလိုက်တဲ့ အတွက် အင်္ဂလိပ် title တွေမှာ Myanmar3 နဲ့ ပေါ်တော့ ကြည့်မကောင်းတာတွေ ရှိပါတယ်။ Post body ဆိုလည်း အတူတူပါပဲ အင်္ဂလိပ်လို ရေးထားတာတွေက Myanmar3 နဲ့ပေါ်တော့ နဂို Theme က font နဲ့ မပေါ်တော့ ကြည့်ရဆိုးတယ်။ အောက်ကပုံတွေ ကြည့်ကြည့် လိုက်ရင်တော့ ရှင်းသွားမယ်ထင်တယ်။
အဓိက ဆိုလိုရင်းကတော့ မြန်မာစာတွေကိုပဲ Unicode Font Face နဲ့ပေါ်စေချင်တာပါ။
ဒီပုံကတော့ http://ttkz.me/blog/2011/01/31/myanmar-unicode-and-wordpress-blog/ က နည်းကို သုံးထားတာပါ။ အင်္ဂလိပ် လိုပဲ ရေးထားတဲ့ Post မှာ Myanmar3 နဲ့ ပေါ်နေတော့ စာလုံးမလှဘူးလို့ ကျွန်တော်ထင်တယ်။
ဒီတစ်ပုံကတော့ ဒီ Myanmar Unicode Font Tagger – WordPress Plugin သုံးထားတဲ့အတွက် နဂို Font Face နဲ့ပဲ ပေါ်နေတဲ့ အတွက် ပိုကြည့်ကောင်းပါတယ်။
ဒီ Plugin မှာ Font Embedding အတွက်လည်း ထည့်ထားပေးပါတယ်။ Font Embedding မလုပ်ချင်ဘူးဆိုလည်း ရတယ်။ http://mywebfont.appspot.com/ မှာ ရနိုင်တဲ့ Unicode Font တွေကို သုံးနိုင်တယ်။ ကြိုက်ရာ Font ကို ရွေးချယ်နိုင်တယ်။ Myanmar3 ကိုသုံးရင်တော့ အကောင်းဆုံးပေါ့။ ပုံမှာ ပြထားပါတယ်။
Plugin Link: http://wordpress.org/extend/plugins/mm-unicode-font-tagger/



use font ordering in your CSS:
font: 14px Cambria, Georgia, “Times New Roman”, Myanmar3, Padauk, Parabaik, serif;
in this CSS declaration: Default font size is 14px. Cambria is first choice, Georgia is 2nd choice and third is Myanmar3, if there is no myanmar3 in user’s PC, then Padauk.
English text will be shown as Cambria or Georgia or Times New Roman while Myanmar text will be shown as in order.
Thanks for the tips bro. But with this plugin you can see burmese text on every theme. With your CSS, we need to add those CSS in every time we change theme.
Dear ttkz,
Could you please answer my question concerning about unicode?
I’m now developing my own blog page, http://www.win2u.net
I found two plugin, MMUnicode Embed and Myanmar Unicode Font Tagger.
My questions are
Do i need both plugins?
If I finished installed these plugin, will i need to edit in style CSS of my theme ?
what is the difference between font embedding and using http://mywebfont.appspot.com/ ?
MMUnicode Embed is created by Ko Saturn (saturngod.net)
Myanmar Unicode Font Tagger is created by me.
If you use Font Tagger, plugin do all things and do not need to edit CSS. Font Tagger plugin also have an option for font embedding.
I’m not sure about MMUnicode Embed that it needs to edit CSS or not.
You should use only one of these two plugin.
http://mywebfont.appspot.com/ is hosting fonts for embedding.
အစ်ကို ကျွှန်တော့်ဆိုဒ်က ဇော်ဂျီဖောင့်ကိုအသုံးပြုထားပါတယ်။ အခုနောက်ပိုင်း ကျွှန်တော်လည်း ယူနီကုတ်ပြောင်းသုံးချင်တာကြောင့် ယူနီကုတ်မသုံးသူများပါဖတ်လို့ရအောင် ဘယ်လိုလုပ်ပေးလိုက်ရင် သင့်တော်မလဲမသိဘူး။
Unicode ဖောင့်ကို embed လုပ်ထားလိုက်မယ်ဆိုရင် ဖတ်တဲ့သူ တော်တော် များများ အတွက် အဆင်ပြေနိုင်ပါတယ်။ http://mywebfont.appspot.com/ က ဖောင့်တွေကိုသုံးလို့ရပါတယ်။
ဥပမာ-
<link href='http://mywebfont.appspot.com/css?font=myanmar3' rel='stylesheet' type='text/css'/>
အပေါ်က code ကို head section မှာ ထည့်လိုက်ပါ။ နောက် css မှာ font-family: Myanmar3 ဆိုရင် အဆင်ပြေပါပြီ။
အခုကျွန်တော် အစ်ိကု့ရဲ့ MM Font Tagger plugin ကိုအသုံးပြုထားပါတယ်။ ဒါပေမယ့် Myanmar3 font ပဲအလုပ်လုပ်ပြီး ကျန်တာတွေအလုပ်မလုပ်ဖူးဖြစ်နေပါတယ်။ Yunghkio ကိုရွေးထားပေမယ့် Myanmar3 font နဲ့ပဲပေါ်နေလို့ပါ။ အဲဒါ Plug-in ြေကာင့်လား ကျွန်တော့် ဆီမှာပဲဖြစ်နေတာလား သိချင်လို့ပါ။
အကိုရေ
အားလုံးအဆင်ပြေပါတယ်။ တစ်ခုပဲပြောစရာရှိပါတယ်။ ကျနော့်ဆိုဒ်ကို iPhone ကနေ ကြည့်တဲ့အချိန်မှာ Mobile Theme နဲ့တော့ အားလုံးမြင်ရတယ်။ Mobile Theme ကို ပိတ်ထားလိုက်ရင် မြန်မာလို ကောင်းကောင်းမမြင်ရတော့ဘူးဖြစ်နေပါတယ်။
အကို့ဆိုဒ်ကတော့ မြင်ရပါတယ်။ အဲဒါလေး ဘာကြောင့်ဖြစ်တာလဲဆိုတာ ဖြေပေးပါလားခင်ဗျာ။
ကျနော်တို့က အိုင်တီနဲ့အလှမ်းဝေးတဲ့အတွက် လူပိန်းတွေနားလည်တဲ့နည်းလေးနဲ့ပဲဖြေပေးစေလိုကြောင်းဆန္ဒပြုပါတယ်ခင်ဗျာ။
ခုလို အသင့်သုံးလို့ရတဲ့ Plug-in တွေကို ရေးသားဖြန့်ဝေပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
iPhone နဲ့ ကြည့်တဲ့အခါပဲမမြင်ရတာလား… ဆိုဒ် လိပ်စာလေးကောပြောခဲ့ပေးပါ။ ကြည့်ပေးပါ့မယ့်။
http://www.a-corner.net
Thanks bro
Good day. Just desired to write and express that I valued this article. I’ll be bookmarking your page and checking to see if you post any new ones. Thanks so much!
learning